ပထမဆုံး DNS Record အကြောင်းမပြောခင်… ကျွန်တော်တို့ပုံမှန်အသုံးပြုနေတဲ့ web browsing အကြောင်းကိုအရင်ပြောလိုက်ကြရအောင်။ ဥပမာ ygncode.com ကို browser URL မှာရိုက်ရှာလိုက်ပြီဆိုတာနှင့် ကွန်ပျူတာက ygncode.com ရဲ့ server ဘယ်မှာလဲဆိုတာသိဖို့လိုတယ်။ အဲ့လိုသိဖို့လုပ်တဲ့နည်းကို Domain Name System (DNS) လို့ခေါ်တယ်။
DNS ဘယ်လိုအလုပ်လုပ်လဲ အသေးစိတ် သိချင်တယ်ဆိုရင် အောက်ဖော်ပြပါ YouTube Video မှာလေ့လာနိုင်ပါတယ်။ ကာတွန်းလေးတွေနှင့်ရှင်းပြထားတဲ့ How DNS Work ဆိုတဲ့ website လည်းရှိတယ်… အတော်လေးကိုပြည့်စုံတယ်။
ကျွန်တော်တို့ domain name တစ်ခု register လုပ်လိုက်ပီဆိုရင် DNS Records တွေကိုအများကြီးထည့်လို့ရတယ်။ ကျွန်တော်တော့ Cloudflare နှင့် Digital Ocean DNS တွေကိုသုံးတယ်။ ဒီမှာတော့ကျွန်တော်က Digital Ocean UI ကိုကြည့်ပြီးတော့ဘဲရှင်းပြသွားပါ့မယ်။ ယျေဘူယျအားဖြင့် အားလုံးကအတူတူပါဘဲ။
ကျွန်တော်တို့ domain ဝယ်လိုက်ပီ… ဥပမာ ygncode.com ပေါ့။ အထက်မှာပြောခဲ့သလိုဘဲ Digital Ocean ကိုသုံးမှာဆိုတော့ digital ocean network page မှာ domain ထည့်လိုက်တယ်။ အဲ့ဒါပြီးရင် DNS Records တွေထည့်လို့ရပီ။ Record တစ်ခုမှာ Type တစ်ခု၊ Host တစ်ခုနှင့် Value တစ်ခုရှိတယ်။ ဘာတွေလဲဆိုတာတစ်ချက်ကြည့်လိုက်အောင်…
Type, Host နှင့် Value ဆိုတာဘာလဲ
Type တွေကတော့ အမြဲတမ်း Predefine လုပ်ပြီးသား။ ဥပမာ common types တွေကိုပြောရမယ်ဆိုရင် A, AAAA, CNAME, TXT, MX ALIAS တွေပေါ့၊ တစ်ခြား type တွေအများကြီးလည်းရှိပါတယ် စိတ်ဝင်စားရင် Wikipedia List မှာကြည့်နိုင်ပါတယ်။
Host ကတော့ root (@) သို့ subdomain (www) တွေကိုသတ်မှတ်တဲ့နေရာမှာအသုံးပြုတယ်။ @ သို့မဟုတ် blank တွေက root ကိုရည်ညွှန်းတယ်။
Value ကတော့ IP လည်းဖြစ်နိုင်တယ် domain လည်းဖြစ်နိုင်တယ်။ သူက Record Type ပေါ်မူတည်ပြီးပြောင်းနိုင်တယ်။
A Record နှင့် AAAA Record ဆိုတာဘာလဲ ကျွန်တော်တို့ DNS Records တွေထည့်မယ်ဆိုတာနှင့် တော်တော်များများအရင်ဆုံးလာတာက A record… နှင့် AAAA record။ A record က subdomain နှင့် IPv4 address ကို Map တယ်။ A record ကိုအသုံးများတာက root မှာ… ဥပမာ ygncode.com ကဘယ်မှာဆိုတာကို browser ကိုပြောတာပေါ့။ AAAA record ကလည်း A record နှင့်အတူတူဘဲ။ သူက IPv6 ကို Map တယ်။ အဲ့ဒါလေးဘဲကွာသွားတယ်။
CNAME Record
Digital Ocean ကတော့ရှင်းပြပါတယ် CNAME records act as an alias by mapping a hostname to another hostname. တဲ့။ သေချာရှင်းအောင် example နှင့်ရှင်းပြလိုက်မယ်။ ဥပမာ www.ygncode.com ကို root domain ဖြစ်တဲ့ ygncode.com ကို forward လုပ်တာမျိုးကိုပြောတာ။ အဲ့လိုနေရာတွေမှာ CNAME Record ကိုသုံးတယ်။ တစ်ခါတစ်လေကိုယ့် service က တစ်ခြား domain ပေါ်မှာ run ထားတဲ့အခါမျိုးမှာဆိုသုံးရတယ်။ ဥပမာ jobs.ygncode.com ကိုခေါ်ရင် myanmardevjobs.com ကိုသွားဆိုတာမျိုး။
TXT records တွေကတော့ ဒီ domain ကိုကိုယ်ပိုင်ပါတယ်ဆိုတဲ့ prove လုပ်တဲ့နေရာမှာသုံးတာများတယ်။ DNS Record ကို domain owner ကဘဲပြင်လို့ရတာကိုး။ ဥပမာ google webmaster လိုမျိုး service တွေက verify your domain မှာဒီလို option မျိုးတွေ့ရတက်တယ်။
MX records (Mail eXchange) ကတော့ email အတွက်ဆိုတာ name ကနေတင်သိသာပါတယ်။ ဘယ်လိုမျိုးနေရာမှာသုံးလဲဆိုရင် ကိုယ့် domain emails တွေကိုတစ်ခြား services သုံးတဲ့အခါမျိုးမှာသုံးတယ်။ ဥပမာ Google mail တို့ Zoho mail တို့လိုမျိုးသုံးတာမျိုးပေါ့။
ဒီလောက်ဆိုရင် DNS Records တွေအကြောင်းကိုသေချာနားလည်လောက်မယ်ထင်ပါတယ်။ အခုပြောပြသွားတာကအသုံးများတဲ့ DNS Records တွေကိုပြောပြထားတာပါ။
DNS Records တွေအကြောင်းပြောရင်း TTL value ကိုပါနည်းနည်းရှင်းပြလိုက်မယ်။ TTL (Time To Live) ကျွန်တော်တို့ DNS ထည့်တိုင်း TTL ဆိုတာလေးကိုလည်းသတ်မှတ်ပေးရတယ်။ အဲ့ကောင်က DNS Server ကိုဒီ DNS Value ဘယ်လောက်ကြာကြာ cache လုပ်မလဲသတ်မှတ်တဲ့ value ပါ။ seconds ကိုသုံးကြပါတယ်။ အဲ့ဒါကြောင့်ကျွန်တာ်တို့ DNS Record Update လုပ်လိုက်ရင်အချိန်စောင့်ပေးရတာပါ။ TTL timeout ဖြစ်သွားပြီဆိုကာမှ new value ကို update လုပ်တာမလို့ပါ။
ဒီလောက်ဆိုရင်နောက်တစ်ခါ DNS Record တွေထည့်ရင် ဘာလို့ထည့်တာလဲဘာကြောင့်လဲ ကိုယ့် changes တွေကဘာကြောင့်တန်းပြီး effect မဖြစ်တာလဲဆိုတာသိလောက်မယ်ထင်ပါတယ်။
ကိုးကားချက်များ