စကားပြော ယဥ်ကျေးမှု
ကျနော်အလုပ်လုပ်တာအတွေ့အကြုံတော်တော်လေးများလာပီ အဲ့ထဲက လုပ်ငန်းခွင် ယဥ်ကျေးမှု (အထူးသဖြင့် communication) နှင့်ပတ်သတ်တာလေး သိသင့်တယ်ထင်တာလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။ ကျနော်တို့မြန်မာလူမျိုးတော်တော်များများက စကားပြောယဥ်ကျေးကြပါတယ်။ အနည်းဆုံးရိုင်းတဲ့အထဲတော့မပါတာများပါတယ်။ မြန်မာမှာအလုပ်လုပ်တဲ့အချိန်မှာ ကျနော့်အတွေ့အကြုံတွေအရအားလုံးက စကားပြောရတာ တဦးကိုတဦးလေးစားပီးတော့ အဆင်ပြေတာများတယ်။ အဲ့ကနေ ကျနော် SG ပြောင်းတော့လဲ တော်တော်များများကအဲ့လိုပါဘဲ။ ဒါပေမယ့် တချို့နိုင်ငံကလူတွေက culture မတူတော့ စကားပြောတာနည်းနည်းရိုင်းတယ်လို့ ခံစားရတယ်။ သိတဲ့အတိုင်း SG ကလူမျိုးပေါင်းစုံ နိုင်ငံပေါင်းစုံကလူတွေ သူ့နေရာနှင့်သူ level တခုအတွေ့အကြုံတခုရှိပီး ရောက်လာကြတာ။ တချို့ဆိုသူ့နိုင်ငံမှာဆရာကြီးပေါ့။ အဲ့လိုလူပေါင်းစုံတွေနှင့်အလုပ်လုပ်တဲ့အခါမှာ စကားပြောဆိုတာ deal လုပ်တာတွေကအတော်လေးကိုအရေးပါတယ်။ Miscommunication ဖြစ်ဖို့ရာလဲလွယ်တယ်။ ကျနော်ကြုံခဲ့ဖူးတဲ့ထဲမှာဆို တချို့စကားပြောတာ တွေက ဘာမှမဟုတ်ဘဲတခါတလေ ရိုင်းတယ်လို့ခံစားရတာလေးတွေရှိတယ်။ ဥပမာ မင်းဒီဟာကျန်နေသေးတယ်နော်လို့ ကိုယ်ကသတိပေးလိုက်တာ၊ ကိုယ့် CTO ကသတိပေးလိုက်တာကို အောက်ကသူက […]