ကွန်ပျူတာ Power Button ကိုနှိပ်လိုက်တဲ့အချိန်ကနေ OS တက်လာတဲ့အထိ ဘယ်လိုအလုပ်လုပ်သွားလဲ
ဟိုတလောကဘယ်ကနေဘယ်လိုတွေးမိတယ်မသိပါဘူး ကွန်ပျူတာဆိုတာ 0/1 တွေနဲ့သွားနေတာဒါပေမယ့်အဲ့ 0/1 မတိုင်ခင်ကကောဘာလဲဆိုပီးစဥ်းစားရာကနေ ကွန်ပျူတာကိုစဖွင့်တဲ့အချိန်ကနေ OS တက်လာတဲ့အထိဘယ်လိုအလုပ်လုပ်လဲဆိုပီးလိုက်ရှာဖတ်ကြည့်မိတယ်။ ကျနော်လေ့လာမိသလောက်ပြန်လည်ဝေမျှလိုက်ပါတယ်။ ကွန်ပျူတာကို Power စပေးလိုက်ပီဆိုတာနဲ့ Power Supply Unit(PSU) စီကိုလျှပ်စစ်စီးသွားတယ်။ အဲ့ကနေမှ AC ကနေ DC ပြောင်းပေးတယ်။ ဘာလို့ဒီလိုပြောင်းဖို့လိုတာလဲလိုက်ကြည့်တော့ DC ရဲ့ voltage ကပိုငြိမ်တယ် အထဲက circuits တွေနဲ့ပိုအဆင်ပြေတယ်ဆိုပီးတွေ့တယ်။ PSU စီကနေမှ Motherboard စီကိုရောက်တယ်။ PSU စီကနေ Power Good Signal ကို Motherboard ရောက်လာမယ် အဲ့ကနေမှ motherboard ကို attach လုပ်ထားတဲ့ကျန်တဲ့ကောင်တွေစီကို Power ရောက်မယ်။ Motherboard ပေါ်မူတည်ပီးတော့ BIOS (Basic Input/Output System)/UEFI […]