Range, Mean, Median, နှင့် Mode

ဒီနေ့ကျနော်ရေးမယ့်အကြောင်းအရာကတော့ range, mean, median နှင့် mode ဆိုတာဘာလဲ သူတို့ကိုဘယ်လိုတွက်ရလဲဆိုတာတွေကို ရေးသားဖော်ပြမှာဖြစ်ပါတယ်။ ဒီစကားလုံးတွေကို statistic course တွေတက်တဲ့အချိန်တွေမှာအတော်လေးအတွေ့များပီး စကားလုံးတွေက ခပ်ဆင်ဆင်ဖြစ်ပီးတော့ confuse ဖြစ်ဖြစ်သွားတက်လို့သေချာမှတ်ထားပီး YGNCode ကစာဖတ်သူတွေအနေနှင့်လဲ စိတ်ဝင်စားတယ်ဆိုရင် မြန်မာလိုလွယ်လွယ်ကူကူဖတ်နိုင်အောင်ရေးသားလိုက်ပါတယ်။

Range, Mean, Median နှင့် Mode ဆိုတာတွေကတနည်းအားဖြင့် Average မျိုးကွဲတွေလို့ပြောလို့ရမယ်။

ဒါဆို Average ဆိုတာဘာလဲ… မြန်မာလိုဆို ပျမ်းမျှ ဆိုပီးသုံးကြတယ်။ ပုံမှန် average အကြောင်းပြောတာတွေစဥ်းစားကြည့်မယ်ဆိုရင် average tempature (ပျမ်းမျှ အပူချိန်), average rainfall (ပျမ်းမျှမိုးရွာသွန်းမှု) ဆိုပီးသုံးကြတယ်… နောက်ထက် average ကို data အများကြီးကိုကိုယ်စားပြုတဲ့အချိန်တွေမှာလဲသုံးကြတယ်။

ဥပမာကိုတချက် ကြည့်ကြည့်ရအောင်။ ထားပါတော့ ကိုယ်အားပေးတဲ့ဘောလုံးအသင်း တခုရဲ့ ပွဲစဥ်ဂိုးသွင်းနှုန်းကိုမှတ်ထားတယ်ထားပါတော့

# ပွဲစဥ်ဂိုးသွင်းမှုနှုန်းများ
0, 1, 1, 2, 2, 2, 3, 5, 5, 7
ဒီမှာ range (အကွာအဝေး) ကိုဘယ်လိုရှာမလဲဆိုတာအရင်ပြောလိုက်မယ်။
7 - 0 = 7

အကြီးဆုံးနံပါတ်ထဲက အသေးဆုံးနံပါတ်ကိုနှုတ်လိုက်တာပါ။ ဒါကြောင့် ဒီ data ရဲ့ range က 7 ဖြစ်တယ်။

အပေါ်က data ကိုဘဲမူတည်ပီးတော့ average (ပျမ်းမျှ) ရှာမယ်။

ဒီမှာ average ဆိုတာက data ရဲ့ mean (အခေါ်အဝေါ်ကွာသွားတာ mean ကလဲ မြန်မာလိုဆို ပျမ်းမျှ) ကိုပြောတာ။ mean ကိုရှာဖို့ဆိုရင် (sum)/(number of items in set) ဆိုပီးရှာလို့ရပါတယ်။

sum = 0+1+1+2+2+2+3+5+5+7 = 28
numbers of items in set = 10
mean = 28/10 = 2.8

ဒါကိုကြည့်ချင်းအားဖြင့် ကျနော်တို့အားပေးတဲ့ဘောလုံးအသင်းက ပွဲစဥ်တိုင်း ပျမ်းမျှ (mean/average) 2.8 ဂိုးသွင်းတယ်ဆိုတာသိနိုင်ပါပီ။

ဒီဂိုးဒေတာကိုသုံးပီးတော့ဘဲ median ကိုရှာမယ်။

median ကမြန်မာလိုဆိုဗဟိုချက်လို့ခေါ်တယ်။ အဲ့တော့အလယ်တည့်တည်ကိုရှာရမယ်။ ကျနော်တို့ဂိုးဒေတာမှာဆိုရင် ၁၀ ခုရှိတာဖြစ်တဲ့အတွက် အလယ်ဗဟိုတည့်တည့်မရှိဘဲ 2,2 ဖြစ်နေတယ်။ အဲ့တော့ ဂိုး data set ရဲ့ median က 2.

ဒီနေရာမှာသတိထားစာရာရှိတာလေးတွေနည်းနည်း share ပါဦးမယ်။ 1,2,3 ဆိုတဲ့ case မှာဆိုရင် 2 ကအလယ်မှာဖြစ်နေတဲ့တွက် median က 2. အဲ့လိုမဟုတ်ဘဲ 1,2,2,3 ဆိုတဲ့ case ကကျနော်တို့ goal data set နဲ့ ခပ်ဆင်ဆင်ဘဲ။ အလယ်တည့်တည့်မရှိတော့ 2,2 ဖြစ်နေတယ်၊ အဲ့တော့ သူ့ median က 2. တကယ်လို့အဲ့လိုမဟုတ်ဘဲ 1,2,3,4 ဆိုတဲ့ data set ဆိုရင် အလယ်ဗဟို ၂ ခုဖြစ်တဲ့ 2, 3 ကိုယူပီးတော့သူတို့ရဲ့ average/mean ကိုရှာရမှာဖြစ်တယ်။ အဲ့အတွက်ကြောင့်မလို့ ဒီ case မှာဆိုရင် median က 2.5 ပါ။

နောက်ဆုံးတခုဖြစ်တဲ့ mode ကိုရှာမယ်။

mode ကမြန်မာလိုဆိုရင် data ထဲမှာ အကြိမ်ရေများဆုံးပါတဲ့ကောင်ကိုရှာရမှာ။ ကျနော်တို့ case မှာဆိုရင် 2 ပေါ့။ သုံးခါတောင်ပါတာဆိုတော့။

အဲ့တော့နောက်ဆုံးပြန်ချုပ်ကမယ်ဆိုလျှင်

  • အကွာအဝေး range = 7
  • ပျမ်းမျှ mean = 2.8
  • ဗဟိုချက် median = 2
  • အကြိမ်ရေအများဆုံးနံပါတ် mode = 2

ဆိုပြီးရရှိမှာဖြစ်ပါတယ်။


အောက်ဖော်ပြထားတာကတော့ ChatGPT ကိုမြန်မာဘာသာဖြင့်အကျဥ်းချုပ်ရှင်းပြခိုင်းထားတာ ဖြစ်တယ်။

အကွာအဝေး (Range) – ဒေတာအစုံထဲက အနိမ့်ဆုံးနံပါတ်နှင့် အမြင့်ဆုံးနံပါတ်အကြားရှိ အကွာအဝေးဖြစ်ပါသည်။ အကွာအဝေးဟာ အကွာအဝေးအနိမ့်ဆုံးနှင့် အမြင့်ဆုံးနံပါတ်တို့ကို ခွဲခြားပြီး တွက်ချက်ရေးဆွဲပေးသည်။

ပျမ်းမျှ (Mean) – ဒေတာအစုံထဲမှ နံပါတ်များရဲ့ စုစုပေါင်းကို နံပါတ်အရေအတွက်ဖြင့် စားပေးခြင်းဖြင့် ရရှိသော တစ်ခုခုရဲ့ အလယ်အလတ်တန်ဖိုးဖြစ်ပါသည်။

ဗဟိုချက် (Median) – ဒေတာအစုံထဲက နံပါတ်များကို အစဥ်လိုက်စီပြီး အလယ်ဗဟိုတွင် ရှိသော နံပါတ်ဖြစ်ပါသည်။ ဒေတာအစုံမှာ နံပါတ်အရေအတွက် မညီမျှမှုရှိပါက ဒေတာအစုံထဲမှာ ဗဟိုရှိသော နှစ်ခုအလယ်မှ နံပါတ်ကိုယူ၍ ပျမ်းမျှချက်ကို တွက်ချက်ပါသည်။

အကြိမ်ရေများဆုံးနံပါတ် (Mode) – ဒေတာအစုံထဲက နံပါတ်များထဲမှ အကြိမ်ရေများဆုံးနံပါတ်ကို ကြိုက်ချက်ဟု ခေါ်သည်။ တစ်ခုခုရဲ့ နံပါတ်အား အကြိမ်ရေများဆုံးဖြင့် တွေ့ရှိရသော နံပါတ်ဖြစ်ပါသည်။

Leave a Reply

Up Next:

1971. Find if Path Exists in Graph

1971. Find if Path Exists in Graph